လွှတ်တော်အမတ်လောင်းများအတွက် ဆိုရှယ်မီဒီယာမဲဆွယ်ခြင်းနည်းဗျူဟာများ…

Social Media များခေတ်စားလာသည်နှင့်အတူသတင်းအချက်အလက်များစီးဆင်းပျံနှံ့မှုသည်လည်းအချိန်နှင့်တပြေးညီတစ်နိုင်ငံလုံးသို့ပျံနှံ့နိုင်သည့်အတွက် မကြာမီအချိန်ကာလအတွင်းမြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်တော့မည်ဖြစ်သောရွေးကောက်ပွဲတွင် လွှတ်တော်အမတ် ကိုယ်စားလှယ်လောင်းလျာများအနေဖြင့်မဲဆွယ်ခြင်းအတွက် Social Media အားအကျိုးရှိရှိအသုံးချ သင့်ပါသည် ။ နိုင်ငံတကာတွင်လည်းရွေးကောက်ပွဲနှင့် ပတ်သက်၍ Champiagများ၊မဲဆွယ်ခြင်းများ၊ပါတီမူဝါဒဆိုင်ရာအချက်အလက်များကိုမျှဝေပေးခြင်းစသည်တို့အား Social Media ကိုအသုံးချ၍ဆောင်ရွက်ခြင်းကြောင့်အောင်မြင်ခဲ့သည့် သာဓကများလည်းရှိခဲ့သည် ။Social Media ကိုအသုံးပြုခြင်းကြောင့် ကုန်ကျစရိတ်များသက်သာခြင်း ၊ အချိန်တိုအတွင်းလူအများနှင့်ထိတွေ့နိုင်ခြင်း ၊ မိမိဆောင်ရွက်လျက်ရှိသော Activity များကိုလူအများကြားသို့ ထိထိရောက်ရောက်ဖြင့် ပျံ့နှံ့မှုရှိအောင် ဝေမျှအသိပေးနိုင်ခြင်းစသောအကျိုးကျေးဇူးများကိုရရှိစေနိုင်ပါတယ် ။ ၄င်းအပြင် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ပြည်ပတယ်လီဖုန်းအော်ပရေတာများဝန်ဆောင်မှုများစတင် ပြီးနောက် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၂၉ သန်းကျော်နှင့် ဆင်းကဒ်ပေါင်းသန်း ၂၀ အထိရှိလာသည့်အတွက် အင်တာနက်အသုံးပြုသူအရေအတွက် ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် Social Media သည့် သာမာန်ရိုးကျ မဲဆွယ်သည့်နည်းလမ်းများကိုအသုံးပြုသည့် နည်းလမ်းများထက် လူထုနှင့်ပိုမိုထိတွေ့နိုင်ပေသည် ။
ယနေ့အချိန်တွင် Social Media ကို နိုင်ငံတကာနည်းတူအသုံးပြုလာလျှက်ရှိရာမကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် Social Media ကိုအသုံးပြုရာတွင် လိုက်နာသင့်သည့် ဆောင်ရန်၊ ရှောင်ရန်များကိုတင်ပြလိုက်ရပါသည်။

socialmedia

Read More »

ဟိုးအတိတ်တစ်ချိန်တုန်းက ဘလော့ဂါ

ကိုယ်တွေ စာမရေးတတ်ဘူး စာမရေးတတ်ဘူး နဲ့ ရေးချင်ရာတွေ ရေးနေခဲ့တာ ဟိုးအတိတ်တစ်ချိန်တုန်းကပေါ့

လူတိုင်းအလွယ်တကူမသုံးတဲ့အချိန်တုန်းက ခက်ခက်ခဲခဲနဲ့ ရအောင်ဝင်ပြီး စာတွေရေးခဲ့တာလည်း ဟိုးအတိတ်တစ်ချိန်တုန်းကပေါ့

Social Media တွေပေါ်က Like ပေါင်းများစွာထက် ကိုယ်ရေးတဲ့ ဘလော့ အောက်မှာ Comment လေးတစ်ခုကို မြင်တွေ့ရုံနဲ့ အားရဝမ်းသာဖြစ်ခဲ့တာလည်း ဟိုးအတိတ်တစ်ချိန်တုန်းကပေါ့

Access Denied ဆိုတာစာမျက်နှာတွေနဲ့ ရန်ဖြစ်ပြီး ကြောငြာပရပွ စာမျက်နှာတွေမှာ မိတ်ဆွေအပေါင်းရဲ့ စာတွေကိုဖတ်ခဲ့မိတာလည်း ဟိုးအတိတ်တစ်ချိန်တုန်းကပေါ့

အွန်လိုင်းမှာကော အပြင်မှာ မိတ်ဆွေအပေါင်းသင်းများအဖြစ် နှစ်ပေါင်းများစွားရင်းနှီးလာဖို့အတွက် Comment လေးတွေနဲ့အစပြု ခဲ့မိတာလည်း ဟိုးအတိတ်တစ်ချိန်တုန်းကပေါ့

Zawgyi မသိ Unicode မသိနဲ့ အွန်လိုင်းမှာ ရေးချင်တာနဲ့ရေးပြီး ဖတ်လို့ ရလိုက်မရလိုက်ဖြစ်ခဲ့တာလည်းဟိုး အတိတ်တစ်ချိန်တုန်းကပေါ့

လဘက်ရည်ဆိုင်မှာထိုင်ပြီး ဘလော့မှာဘာတွေရေးမယ် ဘာတွေဖတ်မိတယ်ဆိုတာတွေကိုသူငယ်ချင်းတွေကိုအားရပါးရ ပြောခဲ့ဖူးတာ ဟိုးအတိတ်တစ်ချိန်တုန်းကပေါ

ကျွန်တော် ဘလော့ ရေးခဲ့ဖူးတာလည်း ………. ဟိုးအတိတ်တစ်ချိန်တုန်းကပေါ့.

ကျွန်တော်ဘဝ

မိုးတွေရွှာနေသောနေ့တစ်နေ့ ဗိုလ်တစ်ထောင်ဘုရားလမ်းမပေါ်တွင်ရှိသော RC1 ရှေ့တွင် ကျောင်းသားတစ်ယောက် ကျောင်းကိုကြည့်၍ ငေးငိုင်နေသည် ။ သူသည် ကား ယခုမှဆယ်တန်းအောင်၍ လူ့လောကထဲ့သို့ ၀င်ရောက်ရန်အတွက် ပထဦးဆုံးစတင်သောခြေလှမ်း ကိုပြင်ဆင်နေသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။

သူ ကျောင်းထဲကို ငေးလို့ဝပြီးနောက် ကျောင်းထဲသို့ ၀င်သွားသည့် ။ သူကား လူ့စွမ်းအား အရင်းမြစ် ဖွံဖြိုးရေးသင်တန်းမှကျောင်းသားတစ်ယောက်ဖြစ်သည်။   သူ သည် ဤကျောင်းတော်ကြီးတွင် သူ့ဘ၀၏ ပထမဦးဆုံးလူ့လောက်ကို ၀င်ရောက်လာခြင်းဖြစ်သည်။ ထို့အတူ နှလုံးသားကျောင်းတော်ကြီးကို သူ၏ဘ၀အတွက်ပထမဦးဆုံးတက်ရန်  ရာထားခြင်းခံရသူဖြစ်သည်။

ထို့နေ့က မိုးတွေသည်းထန်စွာရွာနေသည် ကျောင်းထဲတွင် ထီးမပါသောကောင်လေးနှင့် အိမ်ကလာမကြိုသေးသော ကောင်မလေးတစ်ယောက်တို့ သည် ကိုရွှေမိုးကို မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ကြည့်ရှု့နေရသည်။  ကောင်လေးသည် ထို့အချိန်တွင် ရင်ခုန်သံများသည် မူလထက် ပိုမိုလျှင်မြန်လျက်ရှိသည် ။ သူသည်ကား ကောင်မလေးကို ချစ်နေသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် ကျောင်းရှေ့သို့ကားတစ်စီး ထိုးရပ်လာသည်။ ထိုကောင်းလေး ကြည့်နေစဉ်အတွင်းမှာပင် ထိုကောင်မလေးသည်  အဆိုပါကားပေါ်သို့ တက်ကာ ထွက်ခွာဖို့ပြင်ဆင်နေသည် ။ ထိုအချိန်ရုတ်တရက် ကောင်မလေးသည် နောက်သို့လှည့်၍ ကောင်လေးအားလက်ပြလိုက်သည် ။ ကောင်လေး၏ရင်ထဲတွင် တော်ပီဒိုများထိမှန်သွားသလို့ နှလုံးသားထဲတွင် ပေါက်ကွဲထွက်သွားသည် ။ မင်းကိုကိုယ်ချစ်မိသွားပြီးမရယ် ။ ဒီလို နဲ့ အချိန်တွေ ကြာလာသည့်အမျှ ကောင်လေးနှင့် အဆိုပါကောင်မလေးတို့ သံယောဇဉ် ကျိုးများခိုင်မြဲလာသည် ။ မိုးရွာသောနေ့တစ်နေ့မှာ ကောင်လေးသည် ကောင်မလေးကိုချစ်သည်ဟုသွားပြောသည် ။ ကောင်မလေးသည် ရုတ်တရက်စိတ်ဆိုးသွားသည် ။ ထို့နောက်ကောင်လေးရှေ့မှထွက်ပြေးသွားသည် ။ ကောင်လေး၏ ရင်တွင် ဓါတုဗေဒဗုံးပေါက်သလို ခံစားရခက်နေသည်။  ထို့နောက်ကောင်လေးသည် ကောင်မလေးအားစာတစ်စောင်ပေးလိုက်သည် ။ ထိုစာမှာ

မ  မကိုလေကျွန်တော်ဟာ ရင်ခုန်ခြင်းများစွာဖြင့် ချစ်မိသွားပြီဗျာ ။ မ  ကျွန်တော်ကိုပြန်ချစ်နိုင်မလားဟင် ။ မ……….. မ ကျွန်တော် ကိုမချစ်ဘူးဆိုရင်လည်း မ ကိုကျွန်တော်အပြစ်မတင်ပါဘူး ဘာကြောင့်လဲဆိုရင် ကျွန်တော်ဟာ ဘုန်းကြီးကျောင်းမှာကပ်နေတဲ့ ဘုန်းကြီးကျောင်းသားဆိုတော့ မ လို့  တော်ဝန်ပန်းကို အညတရ ကျွန်တော်က လှမ်းဆွတ်ခူးသလိုဖြစ်နေလို့ပါ ။ ဒါပေမယ့် ကျွန်တော်ရင်ထဲမှာခံစားချက်တွေဟာ ထိမ်းမရလို့ဖြစ်ပေါ်လာတဲ့အတွက် မ ကို့ကျွန်တော်ချစ်မိသွားတာပါ မ ရယ် ။ မ ကျွန်တော်ကိုပြန်ချစ်နိုင်မလားဟင် ။  အကယ်၍များ မသာ ကျွန်တော်ကိုချစ်တယ် ဆိုရင်လေ မနက်ဖြန်ကျရင် မရဲ့ ပါးပြင်လေးမှာ ပါးကွက်လေးကွက်ပြီး ကျေင်းကိုလာခဲ့ပါနော် မ………………………. ရင်ခုန်ခြင်းများစွားဖြင့် ကျွန်တော်

နောက်နေ့လည်းရောက်ရော ကောင်မလေး က သူရဲ့ပါးပြင်ထက်မှာ ပါးကွက်လေးကိုသူ့ရဲ့ ရှည်လျားသောဆံနွယ်များဖြင့် ဖုံးကွယ်၍ ကျောင်းသို့ရောက်လာခဲ့သည် ။ ကောင်လေးပျော်သွားသည် သူ့၏ မ သည်  သူ့ကိုချစ်နေသည်ကို သိရှိသွားသောကြောင့်ဖြစ်သည် ။ဒီလိုနှင့်ကောင်လေးနှင့်သူ၏ မ သည် ချစ်သူများဖြစ်သွားခဲ့သည် ။ ချစ်သူဘ၀တွင် မိုးလေးရွာလျှင်လည်းချစ်သည် ။နေများပူနေလျှင်လည်းချစ်နေသည် ။ ထိုအချိန်တွင်ကောင်လေးသည် ချစ်သူနှင့်အတူ ပျော်ရွှင်စွာဖြင့် ဖြတ်သန်းနေသည် ။ ထို့အချိန်တွင် ရုတ်တရက် ကောင်လေးနှင့်သူ၏ မ တို့ကြားတွင် မှန်တိုင်းများတိုက်ခတ်လာသည် ။ ကောင်လေးနှင့်  ကောင်မလေးတို့ချစ်နေကြသည်ကို ကောင်မလေး၏ အမေသည် သိသွားပြီး ကောင်လေးအား အောက်ပါအတိုင်းပြောလေသည်

ဒီမယ်ကောင်လေး မင်းလို ဘုန်းကြီးကျောင်းသားက ငါရဲ့ သမီးနဲ့တူလို့လားတန်လို့လား ။ မင်းစဉ်းစားကြည့်စမ်း မင်းသာငါ့သမီးနဲ့ ငြားရင် မိန်းမထမိန်နားခိုစားမယ့်ကောင့်ပဲဖြစ်မှာ မင်းမှာဘယ်အလို အစွမ်းအစရှိလို့ ငါ့သမီးကိုကြိုက်ရတာလဲပြောစမ်း မင်းနဲ့ င့ါသမီးက လုံးဝမတန်ဘူး သူတောင်းစားက မင်းသမီးကို မှန်းလို့ ရာရာစစ မင်းကများငါ့သမီးကို ။

ထိုစကားလုံးများသည် ကောင်လေး၏ ရင်ထဲတွင် နှိပ်စက်နေသည် ။ သူ သည် သူ၏ချစ်သူ မ နှင့်ဝေးကွာသွားသည့်ဟု ခံစားမိသည် ။ ကောင်လေး၏ သူငယ်ချင်းမျာသည် ကောင်လေးအားဖေးမပေးနေလျှက်ရှိသည် ။ ထိုအချိန်တွင်ရုတ်တရက် ကောင်လေး၏ မ ရောက်လာသည် သူတစ်ယောက်တည်းတော့မဟုတ်ချေ သူနှင့်လက်ထပ်မည့် ဟုဆိုသော ကောင်လေးတစ်ယောက်နှင့်အတူ ကောင်လေးထိုင်နေရာ လဘက်ရည်ဆိုင်ဆိုင်သို့ရောက်လာသည် ။ ကောင်လေး၏ မ သည် ပျော်ရွှင်နေသည် ကိုတွေ့ရသည် ထိုအချိန်တွင် ကောင်လေးသည် သူ၏ မ အားစိတ်နာသွားသည်  ထိုအချိန်မှ စ၍ ကောင်လေးသည် ဘုန်းကြီးကျောင်းသားဘ၀မှ နေ၍ သူ၏အိမ်သို့ပြန်၍ မူလဘ၀အတိုင်းနေလေသည် ။ ကောင်လေး၏ ရင်ထဲတွင် သူ၏ မ အားစိတ်နာနေသည် ။ သူတွေးသည်မှာ မိန်းမဆိုသည် မှာ သူ၏ မ အတိုင်းပင်သစ္စာမရှိဘူးဟု ယူဆပြီး  မိန်းမများအားမချစ်တော့ပေ ။ ကောင်လေး ပညာရှင်ဖြစ်သည့်အချိန်တွင် သူ၏ မ သည် လက်ထပ်ပြီးဖြစ်နေသည် ။ ကောင်လေး ချမ်းသာချိန်တွင် သူ၏ မသည်  အိမ်ထောင်တစ်ခုကိုရုန်းကန်နေသည် ။ ကောင်လေး တစ်ယောက် လူကြီးဖြစ်ချိန်တွင် သူ၏ မ သည် ကလေးများနှင့်ဖြစ်နေသည် ။တစ်ချိန်တွင်ကောင်လေးသည် နိုင်ငံခြားသို့ပညာတော်သင်သွားပြီးပြန်လာချိန်တွင် သူ၏ မ သည် သူအားနောင်တ မျက်ရည်များဖြင့် ကြည့်နေသည် အဘယ်ကြောင့်ဆိုသော သူမ လက်ထပ်ထားသည့် သူသည်ကား သစ္စာမရှိသောသူဖြစ်နေခြင်းကြောင့် ဖြစ်သည် ။ ထိုအချိန်မှစ၍ ကောင်လေးသည် လောကကြိးအားနားလည်သွားလေ သတည်း………………………………………

ကော်ဖီတစ်ခွက် စာတစ်ရွက်ဖြင့် ည ကိုငါ ဖြတ်သန်း နေသည် ည ဘ၀ကို အမှောင်အတိ ဖြင့် ရှုးသွပ်စေသည့် ည မိုးကောင်းကင်အား အနီရောင်အတိဖြင့် ပြည့်နှက်နေသည့် ည လူအများအား တစ်ခဏခြင်းတွင် လေနှင့်အတူ သယ်ဆောင်သွားခဲ့သောည နာဂစ်အား ခေါ်ဆောင်လာခဲ့သော ည မာလာ နှင့်အတူ တကွ နေထိုင်ခဲ့ဘူးသောည ဆူနာမီနှင့် အမျိုးတော်စပ်ခဲ့ဘူးသော ည ဘာရေးလို့ရေးရမှန်းမသိဘဲ လျှောက်ရေးနေခဲ့မိသော ည

Online တွင် ပိုက်ဆံရှာနိုင် မည်လော

ကိုရင်သာဂိတစယောက် ဒီနေ့ 7Days Journal ကို အိမ်ကလည်းဝယ်ထားတာနဲ့ ဖတ်ကြည့်မိတယ်ဗျ အဲဒီမှာ Technology ဆိုတဲ့ စာရွက်လေးမှာ သတင်းတစ်ပုဒ်သွားတွေ့တယ် နည်းနည်းလေးတော့စိတ်ဝင်စားသွားတယ် ။ အဲဒီသတင်းခေါင်းစဉ်က ”အွန်လိုင်းကြော်ငြာလုပ်ငန်းက မြန်မာဝက်ဆိုက်များအတွက် ကြောငြားများရှာပေးမည် ” အဲဒီသတင်းလေးက ကျွန်တော်တို့လို အင်တာနက်ပေါ်မှာနေတဲ့ သူတွေအတွက်တော့ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ် ။ သူရဲ့ သတင်းမှာ ဆိုထားတာက Myanmar Online Advertising မှ မြန်မာဝင်ဆိုက်များအတွက် ကြောငြာများရှာပေးမည်တဲ့ ။ အဆိုပါ ၀က်ဆိုဒ်များသည် နိုင်ငံရေးနဲ့သော်လည်းကောင်း ညစ်ညမ်းမှုများနှင့်သော်လည်းကောင်းသက်ဆိုင်မှုမရှိစေရတဲ့ ။ ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ မည်သည့် ISP များကလည်း ပိတ်ထားသော ၀င်ဆိုက်တစ်ခုဖြစ်ရမည် ။ ထို့အပြင် တစ်ရက်လျှင် လူ(၂၀)ကျော်ရှိရမည်ဖြစ်ပြီး Visitor Counter Widget ပါရှိရမည်ဖြစ်သည် ။ ၀က်ဆိုဒ်ရေးသူများသည် MOA ၏တရားဝင်းဝက်ဆိုဒ်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး တစ်ပတ်တိတိစောင့်ကြည်မည်ဖြစ်သည် ။ တစ်ပတ်ပြည့်လို့ သတ်မှတ်ထားသောစည်းကမ်းများနှင့်ညီပါ ၀က်ဆိုဒ်ရေးသူထံသို့ ကြောငြာနှင့် code ကိုပို့ပေးမည်ဖြစ်ပြီး ၀က်ဆိုက်၏ သိသာထင်ရှားသောနေရာတွင်ဖော်ပြပေးထားရမည်ဖြစ်သည် ။ ၀က်ဆိုက်ရေးသူတစ်ယောက်ကိုကြော်ငြာတစ်ခုသာရရှိမည်ဖြစ်ပြီး ကြော်ငြာတင်ပြီးနောက် တစ်ပတ်အပြီးတွင် မြန်မာငွေကျပ်ခြောက်သောင်းကိုလာရောက်ထုတ်ယူနိုင်မည်ဖြစ်သည် ။ ခြောက်လစာပေးအပ်ခြင်းဖြစ်ကြောင်းကိုဖော်ပြထားသည် ။ သတင်း အကျဉ်းချုပ်ကတော့ အဲဒီအတိုင်းပါပဲ ။ ဒါပေမယ့်နောက်ဆက်တွဲအရ ကျွန်တော်ရဲ့ထင်မြင်ချက်ကတော့ဗျာ အခုလို internet သုံးနေရင်း နဲ့ ပိုက်ဆံရှာလာနိုင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့လို အင်တာနက် ပေါ်က စာရေးသူတွေအတွက် အခွင့်အလမ်းတစ်ခုကိုဖန်းတီးပေးလိုက်နိုင်တာပေါ့ဗျာ ။ အင်တာနက်သုံးတယ်ဆိုတာ ကျွန်တော်တို့ ပတ်ဝန်းကျင်ကတော့ ပိုက်ဆံဖြုန်းနေတယ်လို့ပဲသိကြပါတယ် အိမ်ကပိုက်ဆံတောင်းပြီးတော့ အင်တာနက်ပေါ်မှာ အကျိုးမဲစွာအချိန်ကုန်နေတယ်လို့ပဲ လူကြီးတွေတော်တော်များများကထင်ကြပါတယ် ။ ဒီလိုမြင်ရတာလည်း အချို့သော အင်တာနက်ကိုလွဲမှားစွာသုံးနေကြတဲ့သူတွေကြောင့် ဖြစ်တယ်လို့တော့ကျွန်တော်ထင်ပါတယ်။ အခုသတင်းလေး ဟာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ် ၀က်ဆိုက်ရေးသူတွေနဲ့ blog ရေးသူတွေအတွက် ဒါဟာပိုက်ဆံရှာနိုင်တဲ့အခွင့်အရေးတစ်ခုပါပဲ ။ အင်တာနက်လောကမှ ဖွံဖြိုးတိုးတက်လာဖို့အတွက်ဒါဟာ ပထမဦးဆုံးခြေလှမ်းလို့ ယူဆနိုင်ပါတယ် ။ အခုလိုဖြစ်တာတာကိုကြိုဆိုပါတယ် ဗျာ …………………………… ကိုရင်သာဂိ

GOOGLE သို့မဟုတ် ကျွန်တော်တို့အားသင်ကြားပေးနေသော ဆရာတစ်ဦး

ယနေ့ အင်တာနက်ကိုလူတွေ တွင်တွင်ကျယ်ကျယ်သုံးလာတာ သိပ်တော့မကြာသေးကြပေမယ့် အသုံးပြုတဲ့ လူတွေတော်တော်များများဟာ Google နဲ့တော့ စတင်ထိတွေ ကြဖူးမယ်လို့ ယုံကြည်ရပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော်တို့ လိုအပ်သမျှသော နည်းပညာတွေ အသိပညာတွေကို လွယ်ကူစွာ ရှာဖွေဖို့အတွက် Google မှနေ၍ ထောက်ပံပေးထားပါတယ် နောက်ပြီး ကျွန်တော်တို့ အင်တာနက်သုံးရာမှာလိုအပ်တဲ့ services တွေဖြစ်တဲ့G-mail, G-talk,Blogger,Picasa တို့အပြင် လူသုံးများတဲ့ Google News , Google Video and You Tube တို့ဟာ Google ကနေတည် ဆောက်ပေးထားတဲ့ ၀န်ဆောင်မှုတွေ ဖြစ်ပါတယ် အားလုံးအတွက် ၀န်ဆောင်မှုကတော့ Free ပါ ။ ဒါပေမယ့် ဗျာ G-mail သုံးတယ်ဆိုရင်တော့ mail ထဲမှာ ကြောငြာ Link လေးတွေ တော့ နည်းနည်းပါးပါးလေး တော့ဖေါ်ပြလိမ့်မယ် ဒီလောက်လေးကတော့ဗျာ လက်ခံနိုင်ဖွယ်ရာအကြောင်းတော့ရှိပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ကလည်းသူ့ဆီက ၀န်ဆောင်မှုတွေတော် တော်များကို အသုံးချနေတာကိုးဗျ ။ Googleကို တကယ်သာလေ့ လာကြည့် မယ်ဆိုရင် professional တစ်ယောက်တောင် ဖြစ်သွားနိုင်တယ်ဗျ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ Google ကြီးက professional တစ်ယောက်ဖြစ်နိုင်ဖို့အ တွက်လိုအပ်တဲ့ Tools တွေအကုန်လုံးကို အလကားပေးထားတယ်ဗျ ။ ကဲ…… အဲဒီတော့ ဘာလိုသေးလဲ ။ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်ဖို့ပဲ ကျန်တော့တယ် ။ တစ်နေ့ တစ်နေ့ ကျွန်တော်တို့ လူငယ်တွေဟာ အင်တာနက်ပေါ်မှာ အကျိုးမဲ့စွာအချိန်ကုန်နေလေ့ရှိပါတယ် ။ အဲဒါကိုတွေကိုပြုပြင်ပြောင်းလဲဖို့ကို အရမ်းပဲ လိုအပ်နေပါတယ် ။ အဲဒီအတွက် အင်တာနက်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် အင်တာနက်ကိုဘယ် လိုသုံးမလဲ ဆိုတာကို အခြေခံအားဖြင့် သိရှိနားလည်ဖို့လိုပါတယ် ။ အဲဒီအတွက် ကျွန်တော်တို့တွေဟာ အင်တာနက် ကိုဘယ် လိုသုံးနေကြသလဲ ဘယ်လိုသုံးနိုင်သလဲဆိုတာကို အတတ်နိုင်ဆုံးကြိုးစားပြီး ဖော်ပြထားပါတယ် ။ ဒါဟာ ကျွန်တော်တတ်နိုင်သမျှလေ့လာလို့ရရှိသမျှနည်းပညာဗဟုသုတတွေကိုမျှဝေပေးခြင်းဖြစ်ပါတယ်။လိုအပ်ချက်များ လည်းရှိကောင်း ရှိနိုင်ပါတယ် ထို့အတွက်နား လည်းပေးနိုင်ကြလိမ့်မယ် လို့တော့ မျှော်လင့်ပါတယ် ။ ကျွန်တော်တို့ လူငယ်တွေဟာ အင်တာနက်ကို တစ်နေတာသုံးတဲ့ နေရာမှာအောက်ပါအ ချက်ခြောက်ချက်ကို အခြေခံပြီး အသုံးပြုလေ့ရှိပါတယ် ။ အဲဒီအချက်ခြောက်ချက်က တော့ ဗျာ…………………………………….

(၁) အင်တာနက်ပေါ်ကနေသင်ယူခြင်း ( leraning from Internet)

(၂) ဆက်သွယ်ရေး (communication )

(၃) ဖျော်ဖြေရေး ( Entertainment)

(၄) မိတ်ဆွေအပေါင်းအသင်းတွေနှင့် ဆက်သွယ်ခြင်း ( Social Networking )

(၅) အသိပညာတွေကိုမျှဝေပေးခြင်း ( Knowledge Sharing )

(၆) အလုပ်အကိုင် ရှာဖွေခြင်း ( work ) အတွက်တို့ဖြစ်ကြပါတယ် ။

ကျွန်တ်ေတို့ အဲဒီလို့ အသုံးပြုနေခြင်းအတွက် ကျွန်တော်တို့ရဲ့ဆရာကြီးဖြစ်တဲ့ Google က ဘယ်လို့ထောက်ပံပေးသလဲ ။ ဘယ်လိုခရီးရောက်အောင် ပို့ဆောင်ပေးသလဲ ……………..?????Read More »

Ubuntu စသုံးခြင်း

ကိုရင်သာဂိတစ်ယောက် လယ်တောလေးဝယ်ပြီးတော့ ubuntu လေးစမ်းပြီးတင်ကြည့်တယ်ဗျ
တော်တော်လေးကိုသုံးလို့အဆင်ပြေတယ် ဗျ ။ ဒီ OS က Free ရတယ် နောက်ပြီးတော့အိမ်တာရာရောက်ပို့ပေးတယ်ဗျ နိုင်ငံခြားမှာဆိုရင်ပေါ့ဗျာ ။ ရန်ကုန်မှာဆိုရင်တော့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ ဆက်သွယ်ရေးရုံးကိုသွားပြီးထုတ်ရတယ် ဗျ ပိုက်ဆံကတော့ စုစုပေါင်းဂျာနယ်ပါဝယ်မယ်ဆိုရင် တစ်ခွေကို ငါးရာကျော်ကျော်လေးပဲကျတယ်ဗျ ။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ အပြင်မှာ Copy CD တစ်ခွေကိုငါးရာပေးနေရတာနဲ့စာရင်တော့တော်တော်လေးကိုတန်ပါတယ် ။မူရင်းအခွေကိုရလို့။ Ubuntu ကိုမှာမယ်ဆိုရင် shipit.ubuntu.com မှာ ၀င်ပြီးမှတ်ပုံတင်လုပ်ပြီး မှာနိုင်ပါတယ် နောက်ပြီး စာတိုက်ကြီးမှာသွားထုတ်မယ်ဆိုရင်မှတ်ပုံတင်ကိုတော့ဆောင်သွားဖို့မမေ့နဲ့ပေါ့ဗျာ ။ သူ့ကိုမှာမယ်ဆိုရင် အမည်အရင်းနဲ့ပဲမှာပါလို့အကြံပြုပါရစေ။ Nick Name နဲ့မှာရင်တော့ ရပ်ကွက်ရုံးကထောက်ခံစာကို သွားယူဖို့သာပြင်ပေတော့ ။ အဲဒီရုံးကလူတွေကိ တော်တော်လေးကိုအပေါက်ဆိုးတယ်ဗျ။ ကဲ ရန်ကုန်ရောက်တဲ့အပိုင်းတော့ပြီးပြီ ။ ပို့တဲ့အပိုင်းပဲကျန်တော့တယ်။

Ubuntu ဆိုတာက နယ်သာလန်နိုင်ငံမှာရှိတဲ့ Canonical limited ကနေဖန်တီးထားတဲ့ OSတစ်ခုဖြစ်ပါတယ် ။အဲဒီကုမဿမဏီနေ ပြီးတော့ Ubuntu , Ubuntu (server version), Kubuntu, Xubuntu,နဲ့ Edubuntu ဆိုပြီးအမျိုးအစားတွေ ခွဲပြီးထုတ်လုပ်ပါတယ် ။ အဲဒီ OS တွေအားလုံးဟာ free တွေပါပဲ ။ အဲဒီ OS တွေထဲမှာ မှာလို့ရတာက ပထမသုံးမျိုးပါ။ Ubuntu ရဲ့အားသာချက်က No Virus ပါသူ့က Linux paltform ကိုသုံးထားတဲ့အပြင် system ကိုပြင်ဖို့အတွက်ဆိုရင်တောင် root account တောင်ပြင်ချင်တိုင်းပြင်ဖို့ခက်ခဲပါတယ် ubuntu ကိုသုံးမယ်ဆိုရင် windows သမားအတွက် တော်တော်လေးကိုခက်ခဲ့တယ်လို့ထင်ရပေမယ့် တစ်ကယ်တမ်းတော့ အများကြီးမကွာခြားပါဘူး။ ဥပမာဗျာ
windows သမားတွေက စက်လေးတိုင်း refresh ကိုနှိပ်ကြပေမယ့် ubuntu မှာကျတော့ အဲဒီိ refresh ဆိုတာကြီးကမပါဘူးလေ။ windows နဲ့တူတာကတော့ သူ့မှာ My Computer လို့ပုံစံမျိုးလေးတွေပါတယ်။ ubuntu ကို သုံးရတာ အစပိုင်းမှာ တော်တော်လေးခက်ခဲ့မယ်လို့ယူဆလို့ရပေမယ့် ခဏလောက်ရင်းနှိးအောင် သာသုံးကြည့်လိုက် ခိုက်သွားမှာသေချာတယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ windows မှာမရာတွေအားလုံးကို ubuntu မှာသုံးလို့ရတယ်ဗျ ။ ဥပမာ desktop ကို windows မှာ ဆို ရင်အသေကြီးကြည့်နေရမှာ အခုမှထွက်လာတဲ့ windows 7မှာမှ Aero effect တွေပါလာတာ ubuntu က windows XP လောက်ကတည်းက windows 7ထက်သာတဲ့ effect တွေပါနေပြီဗျ။ အခိုင်မာဆုံးဥပမာ ကိုပြောရမယ်ဆိုရင်
windows 7 ကိုဝယ်သုံးမယ်ဆိုရင်အနိမ့်ဆုံးဒေါလာတစ်ရာကျော်ပေးရမှာ နောက်ပြီး နောက်ထပ် softwar တွေထပ်ထည့်မယ်ဆိုရင် တော်တော်များကိုကို ၀ယ်သုံးရမှာ MS Office တစ်ခုတည်းနဲ့တင် ဒေါလာခုနှစ်ရာကျော်နေပြီ စက်ဖိုးတောင် သူ့လောက်မများဘူး ။OS နဲ့ Office လေးပဲတင်တာတောင် ဒေါလာ ရှစ်ရာကျော်နေပြီ ။ ဒါတောင် photoshop တို့ ဘာတိုညာတို့မပါသေးဘူးနော် Ubuntu ကိုကြည့်မယ်ဆိုရင် OS က အလကားပေးတဲ့အပြင်အိမ်တိုင်ရာရောက်ပို့ပေးတယ်နောက်ြ့ပီးသူ့အထဲမှာMS Office လိုမျိုးသုံးလို့ရတဲ့ Open Office တွေပါတယ် နောက်ပြိး Photoshop လိုမျိုးသုံးလို့ရတဲ့ Gimp ပါတယ် နောက်ပြီး chatting အမျိုးမျိုးသုံးလို့ရတဲ့ Empathy ပါတယ် ကဲ ဘာလိုသေးလဲအခွေတစ်ခွေတည်းမှာအကုန်ပါတယ် ။ နောက်ပြီး ထွက်သမျှ software အသစ်တွေကိုအင်တာနက်ကယူမယ်ဆိုရင်လည်း အခမဲ့ပါဗျာ။ သူ့မှာရှိတဲ့အားနည်းချက်ကလေးက အင်တာနက်အပေါ အရမ်းမှီခိုပါတယ် ဥပမာ Mp3 သီချင်းလေးကိုဖွင့်ချင်တယ်ဆိုရင် သူနဲ့ပတ်သတ်တဲ့ file လေးတွေ download ချတာမျိုးတွေရှိပေမယ့် အားလုံးက အခမဲ့ပါ ။အင်တာနက်ကွန်နက်ရှင်သာရှိမယ်ဆိုရင် Ubuntuဟာ အရမ်းကိုသုံးလို့အဆင်ပြေတဲ့ OS တစ်ခုပေါ့ ဗျာ ။ သူ့မှာရှိတဲ့ အားနည်းချက်တွေနဲ့ Windows မှာရှိတဲ့ အားနည်းချက်တွေကိုယှဉ်ကြည့်ရင် တော့ Ubuntu က တော့ windows ထက်အများကြီးသာပါတယ် ဗျာ ။ သူက linux Distrol တွေအများကြီးရှိတဲ့အထဲမျာ No.1 ဗျ ။ အဲ…နောက်ပြိး ၂၀၁၃ ကျရင် မူပိုင်ခွင့် ဥပဒေသာ အတည်ပြုသွားမယ်ဆိုရင် လေကျွန်တော်တို့အခုသုံးနေတဲ့ MS ကနေ မြန်မာနှိင်ငံမှာသာရုံးလာဖွင့်ရင် ဗျာသွားပြီဗျ ဆောင်လေရောပဲဒဏ်ငွေ ။ တစ်သက်လုံးရှာထားရသမျှငွေတွေ ပါသွားမယ်။ အဲဒီ တော့ကိုရင်သာဂိတို့ကတော့အခုကတည်းက အဲဒီဒုက္ခတွေမကြုံချင်လို့ OS ပြောင်းသုံးနေတယ်ဗျ ။ အဓိကပြောချင်တာတော့ဗျာ Ubuntu OS ကိုတစ်ခါလောက်တော့စမ်းသုံးကြည့်ကြပါလို့ ။မြန်မာနိုင်ငံမှာလည်း တစ်ဖြည်းဖြည်းနဲ့လူသိများလာပြီဗျ ။ အဲဒီတော့ဗျာ ကျွန်တော်ကတော့ကျွန်တော့သူငယ်ချင်းအားလုံးကို Ubuntu ကိုစမ်းသုံးကြည့်ပါလို့ တိုက်တွန်းချင်တယ်ဗျာ။

ဘားကမ့်ဘား(Barcamper) လေးကိုရင်သာဂိ

ကိုရင်သာဂိတစ်ယောက်တော့ facebook မှာတက်ပြီးတော့မွှေနေတုန်း ကိုရင်သာဂိရဲ့ မိတ်ဆွေ မိုးလှိုင်ည တစ်ယောက် ကိုရင်သာဂိကို သတင်းလေးတစ်ခုလာပြောတယ် ဗျ အဲ ဒါ က barcamp ဆိုတဲ့ပွဲလေးပေါ့ သူပြောတာက အဲဒီပွဲကို ကိုညီလင်းဆက်တို့ ကိုမင်းယွန်းသစ်တို့ ကိုကျော်ဇေယ တို့ မဘာညာတို့ ကိုကိုရဲတို့ နဲ့ MCPA ကဦးမင်းဦးတို့ 7days News Journal က အယ်ဒီတာချုပ် ဦးသောင်းစုညိန်းတို့ ပူပေါင်းပြီးလုပ်ကြတဲ့ပွဲ တဲ့ စိတ်ဝင်စားရင် ဒီလင့်ကလေး ကိုသွားလိုက်ဆိုပြီးတော့ ပြောလို့ သွားကြည့်လိုက်တာ ဗျ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ် ဗျ သူ့ရဲ့ ဆိုဒ်မှာရေးထားတဲ့ ဘားကမ့်ဆိုတာ ဘာလဲဆိုတာကို ရေးထားတယ်ဗျ အဲဒါက တော့

( barcmapyangon.org ကနေကူးယူထားခြင်းဖြစ်ပါသည် )

မြန်မာလိုဘဲ ပြောရတော့မှာပေါ့ မြန်မာဘားကမ့်ကို ရန်ကုန်မှာ စလုပ်တော့မှာ ဆိုတော့ လေ။ တကယ်တမ်း ဆိုရင် ဘားကမ့်ဆိုတဲ့ ဝေါဟာ ရရဲ့ သမိုင်းကို အင်တာနက်မှာ ရှာ တွေ့နိုင်တယ်ဆိုပေမယ့် အားလုံးနားလည်အောင်ပြောရရင် ဘားကမ့်ရဲ့သဘော Read More »

ရန်ကုန်သား(Yangonese) နဲ့ကျွန်တော်

ကိုရင်သာဂိပြောမယ့် ရန်ကုန်သားက အင်တာနက်ပေါ်မှာ လူအချို့ က သူ့ကို (yangonese) လို့တော့သိကြတာပဲဗျ ။ သူ့အကြောင်းကိုပြောရရင်တော့ အင်း……… Myanmar Egress မှာသင်တန်းစတက်တဲ့အချိန်မှာပေါ့ဗျာ ။ အဲ အဲဒီတုန်းက သူက ဆရာကြီး အထာနဲ့ဗျ သူက ဘယ်သူ့ကိုမှ ဘာမထီတဲ့ ပုံစံနဲ့ပေါ့ဗျာ (အဲ မျက်တွင်းကတော့ အဲဒီတုန်းက ဟောက်ပက်ကြီးဗျ ) ။ကျွန်တော် လည်း သူ့ကို သတိမထားမိပဲ ကိုယ့်ဘာသာကို သင်တန်းဆက်တက်တာပေါ့ ဗျာ ။ သင်တန်းတက်ပြီး နှစ်ပတ်လောက်ကြာတော့ သင်တန်း(citizen journalist) က blog အကြောင်းကို ကိုညီလင်းဆက်ကလာပြိးပြောတော့ ကျွန်တော်တို့က စိတ်ဝင်စားပြီး သင်တန်းသားတွေကိုယ်တိုင် ကိုယ်ဘာသာကိုယ် blog လေးထောင်ထားမယ် ပေါ့ ။Read More »

no title

အင်တာနက်ပေါ်မှာ ပျောက်ချက်သားကောင်းတာတော်တော်လေးတောင်ကြာသွားပြီဗျာ ကိုရင်သာဂိတစ်ယောက်အတွေးတွေပေါက်ရင်း လိုင်းပြောင်းခြင်နေတယ်ဗျဘာလိုင်းလဲဆိုတော့ မူရင်းလုပ်တဲ့ အလုပ်တွေပါပဲ မလုပ်တာကြာလို့ပြန်လုပ်နေတာပါဗျာ။ အင်း ဆရာကိုနေယံဦးကတော့ ကိုရင်သာဂိတို့ သူငယ်ချင်းတွေရဲ့ဆိုဒ်ကို Junior တွေကိုပြရင် တော်တော်လေးကို ပြောချင်ဆိုခြင်ဖြစ်မှပဲဗျ ဘာဖြစ်လို့လည်းဆိုတော့ အားလုံးကလဲ ကိုယ်အလုပ်နဲ့ကိုယ်လေဗျာ အချိန်ပြည့်တော့ ဘယ်ထိုင်နိုင်ကြမှာလဲဗျအဆင်ပြေတဲ့အချိန်လေးပဲထိုင်ရတာ ဗျ။ အဲ ကွန်ကလည်းမကောင်းတော့ သုံးရတာအဆင်မပြေပါဘူးဗျာ ။ ကိုရင်သာဂိသူငယ်ချင်းရန်ကုန်သားကတော့ ရေးပါကွာတဲ့ ကိုရင်သာဂိလဲရေးခြင်ပါတယ်ဗျာ အခြေနေမပေးလို့ပါ အခုတော့ ကွန်ပျူတာနဲ့ပတ်သက်တာတွေလုပ်ဖြစ်နေလို့ ပြန်တော့ ရေးဖြစ်ပါပြီ အခုဟာကနေစပြီးတော့ပေါ့နော်