Ubuntu စသုံးခြင်း

ကိုရင်သာဂိတစ်ယောက် လယ်တောလေးဝယ်ပြီးတော့ ubuntu လေးစမ်းပြီးတင်ကြည့်တယ်ဗျ
တော်တော်လေးကိုသုံးလို့အဆင်ပြေတယ် ဗျ ။ ဒီ OS က Free ရတယ် နောက်ပြီးတော့အိမ်တာရာရောက်ပို့ပေးတယ်ဗျ နိုင်ငံခြားမှာဆိုရင်ပေါ့ဗျာ ။ ရန်ကုန်မှာဆိုရင်တော့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ ဆက်သွယ်ရေးရုံးကိုသွားပြီးထုတ်ရတယ် ဗျ ပိုက်ဆံကတော့ စုစုပေါင်းဂျာနယ်ပါဝယ်မယ်ဆိုရင် တစ်ခွေကို ငါးရာကျော်ကျော်လေးပဲကျတယ်ဗျ ။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ အပြင်မှာ Copy CD တစ်ခွေကိုငါးရာပေးနေရတာနဲ့စာရင်တော့တော်တော်လေးကိုတန်ပါတယ် ။မူရင်းအခွေကိုရလို့။ Ubuntu ကိုမှာမယ်ဆိုရင် shipit.ubuntu.com မှာ ၀င်ပြီးမှတ်ပုံတင်လုပ်ပြီး မှာနိုင်ပါတယ် နောက်ပြီး စာတိုက်ကြီးမှာသွားထုတ်မယ်ဆိုရင်မှတ်ပုံတင်ကိုတော့ဆောင်သွားဖို့မမေ့နဲ့ပေါ့ဗျာ ။ သူ့ကိုမှာမယ်ဆိုရင် အမည်အရင်းနဲ့ပဲမှာပါလို့အကြံပြုပါရစေ။ Nick Name နဲ့မှာရင်တော့ ရပ်ကွက်ရုံးကထောက်ခံစာကို သွားယူဖို့သာပြင်ပေတော့ ။ အဲဒီရုံးကလူတွေကိ တော်တော်လေးကိုအပေါက်ဆိုးတယ်ဗျ။ ကဲ ရန်ကုန်ရောက်တဲ့အပိုင်းတော့ပြီးပြီ ။ ပို့တဲ့အပိုင်းပဲကျန်တော့တယ်။

Ubuntu ဆိုတာက နယ်သာလန်နိုင်ငံမှာရှိတဲ့ Canonical limited ကနေဖန်တီးထားတဲ့ OSတစ်ခုဖြစ်ပါတယ် ။အဲဒီကုမဿမဏီနေ ပြီးတော့ Ubuntu , Ubuntu (server version), Kubuntu, Xubuntu,နဲ့ Edubuntu ဆိုပြီးအမျိုးအစားတွေ ခွဲပြီးထုတ်လုပ်ပါတယ် ။ အဲဒီ OS တွေအားလုံးဟာ free တွေပါပဲ ။ အဲဒီ OS တွေထဲမှာ မှာလို့ရတာက ပထမသုံးမျိုးပါ။ Ubuntu ရဲ့အားသာချက်က No Virus ပါသူ့က Linux paltform ကိုသုံးထားတဲ့အပြင် system ကိုပြင်ဖို့အတွက်ဆိုရင်တောင် root account တောင်ပြင်ချင်တိုင်းပြင်ဖို့ခက်ခဲပါတယ် ubuntu ကိုသုံးမယ်ဆိုရင် windows သမားအတွက် တော်တော်လေးကိုခက်ခဲ့တယ်လို့ထင်ရပေမယ့် တစ်ကယ်တမ်းတော့ အများကြီးမကွာခြားပါဘူး။ ဥပမာဗျာ
windows သမားတွေက စက်လေးတိုင်း refresh ကိုနှိပ်ကြပေမယ့် ubuntu မှာကျတော့ အဲဒီိ refresh ဆိုတာကြီးကမပါဘူးလေ။ windows နဲ့တူတာကတော့ သူ့မှာ My Computer လို့ပုံစံမျိုးလေးတွေပါတယ်။ ubuntu ကို သုံးရတာ အစပိုင်းမှာ တော်တော်လေးခက်ခဲ့မယ်လို့ယူဆလို့ရပေမယ့် ခဏလောက်ရင်းနှိးအောင် သာသုံးကြည့်လိုက် ခိုက်သွားမှာသေချာတယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ windows မှာမရာတွေအားလုံးကို ubuntu မှာသုံးလို့ရတယ်ဗျ ။ ဥပမာ desktop ကို windows မှာ ဆို ရင်အသေကြီးကြည့်နေရမှာ အခုမှထွက်လာတဲ့ windows 7မှာမှ Aero effect တွေပါလာတာ ubuntu က windows XP လောက်ကတည်းက windows 7ထက်သာတဲ့ effect တွေပါနေပြီဗျ။ အခိုင်မာဆုံးဥပမာ ကိုပြောရမယ်ဆိုရင်
windows 7 ကိုဝယ်သုံးမယ်ဆိုရင်အနိမ့်ဆုံးဒေါလာတစ်ရာကျော်ပေးရမှာ နောက်ပြီး နောက်ထပ် softwar တွေထပ်ထည့်မယ်ဆိုရင် တော်တော်များကိုကို ၀ယ်သုံးရမှာ MS Office တစ်ခုတည်းနဲ့တင် ဒေါလာခုနှစ်ရာကျော်နေပြီ စက်ဖိုးတောင် သူ့လောက်မများဘူး ။OS နဲ့ Office လေးပဲတင်တာတောင် ဒေါလာ ရှစ်ရာကျော်နေပြီ ။ ဒါတောင် photoshop တို့ ဘာတိုညာတို့မပါသေးဘူးနော် Ubuntu ကိုကြည့်မယ်ဆိုရင် OS က အလကားပေးတဲ့အပြင်အိမ်တိုင်ရာရောက်ပို့ပေးတယ်နောက်ြ့ပီးသူ့အထဲမှာMS Office လိုမျိုးသုံးလို့ရတဲ့ Open Office တွေပါတယ် နောက်ပြိး Photoshop လိုမျိုးသုံးလို့ရတဲ့ Gimp ပါတယ် နောက်ပြီး chatting အမျိုးမျိုးသုံးလို့ရတဲ့ Empathy ပါတယ် ကဲ ဘာလိုသေးလဲအခွေတစ်ခွေတည်းမှာအကုန်ပါတယ် ။ နောက်ပြီး ထွက်သမျှ software အသစ်တွေကိုအင်တာနက်ကယူမယ်ဆိုရင်လည်း အခမဲ့ပါဗျာ။ သူ့မှာရှိတဲ့အားနည်းချက်ကလေးက အင်တာနက်အပေါ အရမ်းမှီခိုပါတယ် ဥပမာ Mp3 သီချင်းလေးကိုဖွင့်ချင်တယ်ဆိုရင် သူနဲ့ပတ်သတ်တဲ့ file လေးတွေ download ချတာမျိုးတွေရှိပေမယ့် အားလုံးက အခမဲ့ပါ ။အင်တာနက်ကွန်နက်ရှင်သာရှိမယ်ဆိုရင် Ubuntuဟာ အရမ်းကိုသုံးလို့အဆင်ပြေတဲ့ OS တစ်ခုပေါ့ ဗျာ ။ သူ့မှာရှိတဲ့ အားနည်းချက်တွေနဲ့ Windows မှာရှိတဲ့ အားနည်းချက်တွေကိုယှဉ်ကြည့်ရင် တော့ Ubuntu က တော့ windows ထက်အများကြီးသာပါတယ် ဗျာ ။ သူက linux Distrol တွေအများကြီးရှိတဲ့အထဲမျာ No.1 ဗျ ။ အဲ…နောက်ပြိး ၂၀၁၃ ကျရင် မူပိုင်ခွင့် ဥပဒေသာ အတည်ပြုသွားမယ်ဆိုရင် လေကျွန်တော်တို့အခုသုံးနေတဲ့ MS ကနေ မြန်မာနှိင်ငံမှာသာရုံးလာဖွင့်ရင် ဗျာသွားပြီဗျ ဆောင်လေရောပဲဒဏ်ငွေ ။ တစ်သက်လုံးရှာထားရသမျှငွေတွေ ပါသွားမယ်။ အဲဒီ တော့ကိုရင်သာဂိတို့ကတော့အခုကတည်းက အဲဒီဒုက္ခတွေမကြုံချင်လို့ OS ပြောင်းသုံးနေတယ်ဗျ ။ အဓိကပြောချင်တာတော့ဗျာ Ubuntu OS ကိုတစ်ခါလောက်တော့စမ်းသုံးကြည့်ကြပါလို့ ။မြန်မာနိုင်ငံမှာလည်း တစ်ဖြည်းဖြည်းနဲ့လူသိများလာပြီဗျ ။ အဲဒီတော့ဗျာ ကျွန်တော်ကတော့ကျွန်တော့သူငယ်ချင်းအားလုံးကို Ubuntu ကိုစမ်းသုံးကြည့်ပါလို့ တိုက်တွန်းချင်တယ်ဗျာ။

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s