မိုးတွေရွှာနေသောနေ့တစ်နေ့ ဗိုလ်တစ်ထောင်ဘုရားလမ်းမပေါ်တွင်ရှိသော RC1 ရှေ့တွင် ကျောင်းသားတစ်ယောက် ကျောင်းကိုကြည့်၍ ငေးငိုင်နေသည် ။ သူသည် ကား ယခုမှဆယ်တန်းအောင်၍ လူ့လောကထဲ့သို့ ၀င်ရောက်ရန်အတွက် ပထဦးဆုံးစတင်သောခြေလှမ်း ကိုပြင်ဆင်နေသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။
သူ ကျောင်းထဲကို ငေးလို့ဝပြီးနောက် ကျောင်းထဲသို့ ၀င်သွားသည့် ။ သူကား လူ့စွမ်းအား အရင်းမြစ် ဖွံဖြိုးရေးသင်တန်းမှကျောင်းသားတစ်ယောက်ဖြစ်သည်။ သူ သည် ဤကျောင်းတော်ကြီးတွင် သူ့ဘ၀၏ ပထမဦးဆုံးလူ့လောက်ကို ၀င်ရောက်လာခြင်းဖြစ်သည်။ ထို့အတူ နှလုံးသားကျောင်းတော်ကြီးကို သူ၏ဘ၀အတွက်ပထမဦးဆုံးတက်ရန် ရာထားခြင်းခံရသူဖြစ်သည်။
ထို့နေ့က မိုးတွေသည်းထန်စွာရွာနေသည် ကျောင်းထဲတွင် ထီးမပါသောကောင်လေးနှင့် အိမ်ကလာမကြိုသေးသော ကောင်မလေးတစ်ယောက်တို့ သည် ကိုရွှေမိုးကို မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ကြည့်ရှု့နေရသည်။ ကောင်လေးသည် ထို့အချိန်တွင် ရင်ခုန်သံများသည် မူလထက် ပိုမိုလျှင်မြန်လျက်ရှိသည် ။ သူသည်ကား ကောင်မလေးကို ချစ်နေသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် ကျောင်းရှေ့သို့ကားတစ်စီး ထိုးရပ်လာသည်။ ထိုကောင်းလေး ကြည့်နေစဉ်အတွင်းမှာပင် ထိုကောင်မလေးသည် အဆိုပါကားပေါ်သို့ တက်ကာ ထွက်ခွာဖို့ပြင်ဆင်နေသည် ။ ထိုအချိန်ရုတ်တရက် ကောင်မလေးသည် နောက်သို့လှည့်၍ ကောင်လေးအားလက်ပြလိုက်သည် ။ ကောင်လေး၏ရင်ထဲတွင် တော်ပီဒိုများထိမှန်သွားသလို့ နှလုံးသားထဲတွင် ပေါက်ကွဲထွက်သွားသည် ။ မင်းကိုကိုယ်ချစ်မိသွားပြီးမရယ် ။ ဒီလို နဲ့ အချိန်တွေ ကြာလာသည့်အမျှ ကောင်လေးနှင့် အဆိုပါကောင်မလေးတို့ သံယောဇဉ် ကျိုးများခိုင်မြဲလာသည် ။ မိုးရွာသောနေ့တစ်နေ့မှာ ကောင်လေးသည် ကောင်မလေးကိုချစ်သည်ဟုသွားပြောသည် ။ ကောင်မလေးသည် ရုတ်တရက်စိတ်ဆိုးသွားသည် ။ ထို့နောက်ကောင်လေးရှေ့မှထွက်ပြေးသွားသည် ။ ကောင်လေး၏ ရင်တွင် ဓါတုဗေဒဗုံးပေါက်သလို ခံစားရခက်နေသည်။ ထို့နောက်ကောင်လေးသည် ကောင်မလေးအားစာတစ်စောင်ပေးလိုက်သည် ။ ထိုစာမှာ
မ မကိုလေကျွန်တော်ဟာ ရင်ခုန်ခြင်းများစွာဖြင့် ချစ်မိသွားပြီဗျာ ။ မ ကျွန်တော်ကိုပြန်ချစ်နိုင်မလားဟင် ။ မ……….. မ ကျွန်တော် ကိုမချစ်ဘူးဆိုရင်လည်း မ ကိုကျွန်တော်အပြစ်မတင်ပါဘူး ဘာကြောင့်လဲဆိုရင် ကျွန်တော်ဟာ ဘုန်းကြီးကျောင်းမှာကပ်နေတဲ့ ဘုန်းကြီးကျောင်းသားဆိုတော့ မ လို့ တော်ဝန်ပန်းကို အညတရ ကျွန်တော်က လှမ်းဆွတ်ခူးသလိုဖြစ်နေလို့ပါ ။ ဒါပေမယ့် ကျွန်တော်ရင်ထဲမှာခံစားချက်တွေဟာ ထိမ်းမရလို့ဖြစ်ပေါ်လာတဲ့အတွက် မ ကို့ကျွန်တော်ချစ်မိသွားတာပါ မ ရယ် ။ မ ကျွန်တော်ကိုပြန်ချစ်နိုင်မလားဟင် ။ အကယ်၍များ မသာ ကျွန်တော်ကိုချစ်တယ် ဆိုရင်လေ မနက်ဖြန်ကျရင် မရဲ့ ပါးပြင်လေးမှာ ပါးကွက်လေးကွက်ပြီး ကျေင်းကိုလာခဲ့ပါနော် မ………………………. ရင်ခုန်ခြင်းများစွားဖြင့် ကျွန်တော်
နောက်နေ့လည်းရောက်ရော ကောင်မလေး က သူရဲ့ပါးပြင်ထက်မှာ ပါးကွက်လေးကိုသူ့ရဲ့ ရှည်လျားသောဆံနွယ်များဖြင့် ဖုံးကွယ်၍ ကျောင်းသို့ရောက်လာခဲ့သည် ။ ကောင်လေးပျော်သွားသည် သူ့၏ မ သည် သူ့ကိုချစ်နေသည်ကို သိရှိသွားသောကြောင့်ဖြစ်သည် ။ဒီလိုနှင့်ကောင်လေးနှင့်သူ၏ မ သည် ချစ်သူများဖြစ်သွားခဲ့သည် ။ ချစ်သူဘ၀တွင် မိုးလေးရွာလျှင်လည်းချစ်သည် ။နေများပူနေလျှင်လည်းချစ်နေသည် ။ ထိုအချိန်တွင်ကောင်လေးသည် ချစ်သူနှင့်အတူ ပျော်ရွှင်စွာဖြင့် ဖြတ်သန်းနေသည် ။ ထို့အချိန်တွင် ရုတ်တရက် ကောင်လေးနှင့်သူ၏ မ တို့ကြားတွင် မှန်တိုင်းများတိုက်ခတ်လာသည် ။ ကောင်လေးနှင့် ကောင်မလေးတို့ချစ်နေကြသည်ကို ကောင်မလေး၏ အမေသည် သိသွားပြီး ကောင်လေးအား အောက်ပါအတိုင်းပြောလေသည်
ဒီမယ်ကောင်လေး မင်းလို ဘုန်းကြီးကျောင်းသားက ငါရဲ့ သမီးနဲ့တူလို့လားတန်လို့လား ။ မင်းစဉ်းစားကြည့်စမ်း မင်းသာငါ့သမီးနဲ့ ငြားရင် မိန်းမထမိန်နားခိုစားမယ့်ကောင့်ပဲဖြစ်မှာ မင်းမှာဘယ်အလို အစွမ်းအစရှိလို့ ငါ့သမီးကိုကြိုက်ရတာလဲပြောစမ်း မင်းနဲ့ င့ါသမီးက လုံးဝမတန်ဘူး သူတောင်းစားက မင်းသမီးကို မှန်းလို့ ရာရာစစ မင်းကများငါ့သမီးကို ။
ထိုစကားလုံးများသည် ကောင်လေး၏ ရင်ထဲတွင် နှိပ်စက်နေသည် ။ သူ သည် သူ၏ချစ်သူ မ နှင့်ဝေးကွာသွားသည့်ဟု ခံစားမိသည် ။ ကောင်လေး၏ သူငယ်ချင်းမျာသည် ကောင်လေးအားဖေးမပေးနေလျှက်ရှိသည် ။ ထိုအချိန်တွင်ရုတ်တရက် ကောင်လေး၏ မ ရောက်လာသည် သူတစ်ယောက်တည်းတော့မဟုတ်ချေ သူနှင့်လက်ထပ်မည့် ဟုဆိုသော ကောင်လေးတစ်ယောက်နှင့်အတူ ကောင်လေးထိုင်နေရာ လဘက်ရည်ဆိုင်ဆိုင်သို့ရောက်လာသည် ။ ကောင်လေး၏ မ သည် ပျော်ရွှင်နေသည် ကိုတွေ့ရသည် ထိုအချိန်တွင် ကောင်လေးသည် သူ၏ မ အားစိတ်နာသွားသည် ထိုအချိန်မှ စ၍ ကောင်လေးသည် ဘုန်းကြီးကျောင်းသားဘ၀မှ နေ၍ သူ၏အိမ်သို့ပြန်၍ မူလဘ၀အတိုင်းနေလေသည် ။ ကောင်လေး၏ ရင်ထဲတွင် သူ၏ မ အားစိတ်နာနေသည် ။ သူတွေးသည်မှာ မိန်းမဆိုသည် မှာ သူ၏ မ အတိုင်းပင်သစ္စာမရှိဘူးဟု ယူဆပြီး မိန်းမများအားမချစ်တော့ပေ ။ ကောင်လေး ပညာရှင်ဖြစ်သည့်အချိန်တွင် သူ၏ မ သည် လက်ထပ်ပြီးဖြစ်နေသည် ။ ကောင်လေး ချမ်းသာချိန်တွင် သူ၏ မသည် အိမ်ထောင်တစ်ခုကိုရုန်းကန်နေသည် ။ ကောင်လေး တစ်ယောက် လူကြီးဖြစ်ချိန်တွင် သူ၏ မ သည် ကလေးများနှင့်ဖြစ်နေသည် ။တစ်ချိန်တွင်ကောင်လေးသည် နိုင်ငံခြားသို့ပညာတော်သင်သွားပြီးပြန်လာချိန်တွင် သူ၏ မ သည် သူအားနောင်တ မျက်ရည်များဖြင့် ကြည့်နေသည် အဘယ်ကြောင့်ဆိုသော သူမ လက်ထပ်ထားသည့် သူသည်ကား သစ္စာမရှိသောသူဖြစ်နေခြင်းကြောင့် ဖြစ်သည် ။ ထိုအချိန်မှစ၍ ကောင်လေးသည် လောကကြိးအားနားလည်သွားလေ သတည်း………………………………………